သရက်ချောင်းမြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

သရက်ချောင်း ဩဂုတ် ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့ပူးပေါင်း၍ ပြည်သူများအား လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဝေယံအောင်က လျှပ်စစ်အန္တရာယ်ကင်းရှင်းရန် လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုရာတွင် သတိပြုရမည့် ဆောင်ရန်/ရှောင်ရန်များအကြောင်း၊ ကလေးသူငယ်များအား လျှပ်စစ်နှင့်ပတ်သက်သော ပစ္စည်းများအား ကိုင်တွယ်အသုံးပြုစေခြင်း မပြုလုပ်ကြရန်၊ ဓာတ်လိုက်ခံရသူအား ရှေးဦးသူနာပြုစုနည်းအကြောင်း၊ လျှပ်စစ်အန္တရာယ်ဖြစ်နိုင်သော အချက်များတွေ့ရှိပါက နီးစပ်ရာလျှပ်စစ်ရုံးများသို့ အမြန်ဆက်သွယ်အကြောင်းကြားရန်နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ပြည်သူများအား ရှင်းလင်းပြောကြားပြီးနောက် ဒေသခံများ၏ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် လျှပ်စစ်အန္တရာယ်သတိပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း တင်းရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)