ကလေးမြို့တွင် ချင်းရိုးရာလက်ရက်ကန်း ဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာ မွမ်းမံသင်တန်းဖွင့်ပွဲကျင်းပ

ကလေး သြဂုတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကလေးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်ခဲ့သည့် ချင်းရိုးရာလက်ရက်ကန်း  ဒီဇိုင်းတီထွင် ဆန်းသစ်မှုနည်းပညာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို  ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကလေးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကလေးခရိုင် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ထွန်းအောင်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ကလေးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထိုက်တန်က ဌာန၏ စီမံကိန်းလုပ်ငန်းများ၊ ဒေသဖွံဖြိုးရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် သင်တန်းသားများအား လုပ်ငန်းထူထောင်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းပေးအပ်နေမှုများ၊ ဆက်လက်ဖွင့်လှစ်သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းသုံးပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများ ချင်းရိုးရာလက်ရက်ကန်း ဒီဇိုင်းတီထွင်ဆန်းသစ်မှု မွမ်းမံသင်တန်းတွင် အသုံးပြုမည့်ပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြ‌ပြီး အဆိုပါသင်တန်းကို ဩဂုတ်လ ၁၈ ရက်နေ့မှ စက်တင်ဘာ ၁ ရက်နေ့အထိ လေ့ကျင်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)