သရက်ချောင်း ဩဂုတ် ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ တရားမဝင်ကုန်စည်များ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှု ရှိ/ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီမှစတင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်လွင် ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ တရားမဝင်ကုန်စည်များ၊ မော်တော်ယာဉ်များအား လိုင်စင်၊ ယာဥ်မောင်းလိုင်စင်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များ ပြည့်စုံမှု ရှိ/ မရှိစစ်ဆေးခြင်း၊ လိုင်စင်မဲ့မော်တော်ယာဥ်များ ဖြတ်သန်းသွားလာပါက ဖမ်းဆီးရမိရေး ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်နှင့် မော်တော်ဆိုင်ကယ်တို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)