သရက်ချောင်းမြို့နယ်၌ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် (GAHP)နှင့် ဝက်မွေးမြူထုတ်လုပ်ရေးသင်တန်းဖွင့်လှစ်

သရက်ချောင်း ဩဂုတ် ၁၉

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူများအားကောင်းမွန်သော မွေးမြူရေးကျင့်စဉ် (GAHP)နှင့် ဝက်မွေးမြူထုတ်လုပ်ရေး သင်တန်းကို ယနေ့နံနက် ၉နာရီက သရက်ချောင်းမြို့ လူထုအခြေပြုဗဟိုဌာန(Community centre)ခန်းမ၌ ဖွင့်လှစ်သင်ကြားသည်။

အခမ်းအနားတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှဒေါက်တာလမင်းကိုကိုက မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူများအား သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ လမင်းကိုကိုက မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူများအား ဝက်မွေးမြူရေးလုပ်ငန်းများအတွက် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်ဆိုင်ရာသိကောင်းစရာများ၊ ဝက်မွေးမြူရာတွင်အစာကျွေးသည့်နည်းလမ်းများ၊ ကာကွယ်ဆေးထိုးနှံသည့်နည်းလမ်းများနှင့်အသား တိုးဝက်ထုတ်လုပ်မွေးမြူသည့်နည်းလမ်းများအကြောင်းကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နေသူများ၏ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှဝန်ထမ်းများက မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နေသူများ ဖတ်ရှုလေ့လာနိုင်ရန် ဝက်မွေးမြူထုတ်လုပ်ရေးဆိုင်ရာ အသိပညာပေးလက်‌ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)