ငဖဲ ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများအသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်အတွက် သုတရသစာအုပ်စာစောင်များကို ရုံးဖွင့်ရက်တိုင်း ပုံမှန်ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျောင်းသား ကျောင်းသူများအား စာအုပ်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ငှားရမ်းဆောင်ရွက်ရာတွင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဥမ္မာကျော်နှင့် ဝန်ထမ်းများက စာအုပ်ငှားရမ်းရန်လာရောက်သည့် ပြည်သူများနှင့် ကျောင်းသားကျောင်းသူများ ဖတ်ရှုလိုသည့်စာအုပ်များကို ကူညီရှာဖွေပေးခြင်း၊ ဖတ်ရှုသင့်သည့် စာအုပ်များကို လမ်းညွှန်ပြသပေးခြင်းများဆောင်ရွက်ပြီး ကျောင်းသားကျောင်းသူများ ဖတ်ရှုလိုသည့် သုတ၊ မဂ္ဂဇင်း၊ ရုပ်ပြ နှင့် ပုံပြင်စာအုပ်များကို စနစ်တကျငှားရမ်းပေးသည်။
ငဖဲမြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၊ ပြည်သူများနှင့် ကျောင်းသားကျောင်းသူများ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အသိပညာဗဟုသုတတိုးပွားရရှိစေရန်၊ အချိန်ကိုအကျိုးရှိရှိအသုံးချတတ်စေရန်၊ အမှားနှင့်အမှန်ကိုဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ နေ့စဉ် တနင်္လာနေ့မှ သောကြာနေ့ထိ နံနက် ၉ နာရီခွဲမှ ညနေ ၄နာရီခွဲအထိ သုတ၊ ရသ၊ ပုံပြင်၊တေဇ စာအုပ်များအား ပုံမှန်ဖွင့်လှစ်ငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။
မယု(ငဖဲ)