ထန်ပါခွေ ဩဂုတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ( KG နှင့်G- 1) သားငယ်၊ သမီးငယ်များအား ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများ ငယ်စဉ်ကျောင်းနေအရွယ်မှစ ဗလငါးတန်ဖွံ့ဖြိုးပြီး ကျန်းမာသန်စွမ်းကာ ပညာကိုကောင်းမွန်စွာ သင်ယူတတ်မြောက်စေရန် ရည်ရွယ်ကာ (KG နှင့် G-1) သားငယ်၊ သမီးငယ်များအား ဘီတာမင်-A တိုက်ကျွေးခြင်း၊ ကိုယ်အလေးချိန်တိုင်းခြင်း၊ အရပ်တိုင်ခြင်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်းရွက်ခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်မိုးမင်းထံမှ သိရသည်။
အလန်