တနင်္သာရီ ဩဂုတ် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့၊ ချောင်းကြီးရပ်ကွက်ရှိ မြို့နယ်မြေစာရင်းဦးစီးဌာန ဝန်ထမ်းမိသားစုများစုပေါင်း၍ ဝါဆိုသင်္ကန်းနှင့်အာရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းကို ၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆုတ် (၁၀) ရက် ယနေ့နံနက် (၆) နာရီက မြို့နယ်မြေစာရင်းဦးစီးဌာနရုံး၌ ကျင်းပသည်။
ရှေးဦးစွာ တနင်္သာရီမြို့ ချောင်းကြီးကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္ဏက ငါးပါးသီလချီးမြှင့်ပေးတော်မူပြီး ကြွရောက်လာကြသည့် ဆရာတော်/ သံဃာတော် အရှင်သူမြတ်များက အန္တရာယ်ကင်းမေတ္တသုတ်ပရိတ်များ ရွတ်ဖတ်ပူဇော်ပေးကြပါသည်။
ဆက်လက်၍ တနင်္သာရီမြို့နယ်မြေစာရင်းဦးစီးဌာန၊ ဝန်ထမ်းမိသားစုတို့က အနုမောဒနာတရား နာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ ဆရာတော်/ သံဃာတော်များအား လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး ကြွရောက်လာကြသော တရားနာပရိသတ်များအား နံနက်စာဧည်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
သီသီခိုင်(တနင်္သာရီ)