မုံရွာ ဩဂုတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍနှင့် ဝန်ထမ်းများစွမ်း ဆောင်ရည်မြှင့်တင်ခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၁၈ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ သင်တန်းဖွင့်ပွဲအခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား၊သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီချုပ်ဦးမြတ်ကျော်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများအား ကောင်းမွန်စွာသိရှိနားလည်ပြီး လုပ်ငန်းစွမ်းဆောင် ရည်တိုးတက်မြင့်မားလာစေရန်နှင့် လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်စေရန် ရည်ရွယ် ပြီး ဌာနတွင်းအခြေခံသင်တန်းများအား ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊ ယခုလိုလုပ် ငန်းခွင် အခြေခံသင်တန်းအား ဝန်ထမ်းများအတွက် ပုံမှန်ဖွင့်လှစ်ရန်လိုအပ်သကဲ့သို့ လုပ်ငန်းခွင်တွင် အဓိကအရေးကြီးသည့် အသိပညာပေးလုပ်ငန်းများအား ညွှန်ကြားရေး မှူးရုံးမှဦးစီးပြီး ဆောင်ရွက်သွားကြရန်နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးခြင်း၊ အမျိုးသမီးနှင့်ပတ်ဝန်းကျင်၊ လူငယ်နှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍ အသိပညာပေးနိုင်ရေး၊ ပတ်ဝန်းကျင်လေထုနှင့် မြေပေါ်ရေအရည်အသွေး စောင့် ကြည့်တိုင်းတာရေး စက်ကိရိယာကိုင်တွယ်ခြင်း သင်တန်းများကိုလည်း ဖွင့်လှစ်ပို့ချပေး ခြင်းဖြင့် တိုင်းဒေသကြီးအတွင်း ပတ်ဝန်းကျင်၊ ရေ၊ မြေ၊ လေ သန့်ရှင်းသာယာရေးအတွက်
အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ သင်တန်းသူ/သင်တန်းသား နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် မိမိတာဝန်ယူဆောင်ရွက်သည့် လုပ်ငန်းများအပေါ် စေတနာထားပြီး အဂတိ ကင်းရှင်းစွာ လုပ်ထုံးလုပ်နည်းများအတိုင်း အဆင့်ဆင့်လမ်းညွှန်မှုခံယူပြီး ဒေသခံ ပြည်သူ များ၏ ယုံကြည်ကိုးစားမှုအားရယူ၍ လုပ်ငန်းအောင်မြင်အောင် လုပ်ဆောင်ကြခြင်းဖြင့် မိမိတို့၏တိုင်းဒေသကြီး၊ မိခင်ဌာနနှင့် ဝန်ကြီးဌာနတို့၏ ဂုဏ်သတင်းအား မြှင့်တင်ပေး သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍနှင့် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်း သင် တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား/ သင်တန်းသူများအတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
အဆိုပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍနှင့် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင် ခြင်း သင်တန်းအမှတ်စဉ်(၁/၂၀၂၅)သင်တန်း၌ သင်တန်းသား/သင်တန်းသူ ၂၆ ဦးအား ဩဂုတ်လ ၁၈ ရက်နေ့မှ ၂၅ ရက်နေ့အထိ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံးဝန်း အတွင်းရှိ ရေ၊ မြေ၊ လေ တိုင်းတာစစ်ဆေးရေး စက်ကိရိယာများအား လိုက်လံကြည့်ရှုစစ် ဆေးခဲ့ပြီး တိုင်းတာစစ်ဆေးရေးကိရိယာများအား အသုံးပြုကာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုမရှိစေရေးအတွက် တာဝန်ရှိသူများမှ အလေးထား ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါရုံးဝန်းအတွင်း ရှိ ဝန်ထမ်းအိမ်ရာ ၄ ခန်းတွဲ ၂ ထပ် RC အဆောက်အဦသစ် ဆောက်လုပ်ပြီးစီးမှု၊ ဝန် ထမ်းများသက်သာချောင်ချီရေးအတွက် စားဖိုဆောင်သီးနှံများနှင့် စိန်တလုံးသရက်ပင်များ စိုက်ပျိုးထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်