မြန်အောင် သြဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီမှ အောင်ရတနာကျေးရွာ အခွန်လွတ်စျေးတွင် ယမန်နေ့နံနက်က ဆန်၊ ဆီ၊ ကြက်ဥနှင့် ဝက်သားတို့အား စျေးနှုန်းသက်သာစွာဖြင့် ဒေသခံပြည်သူများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အောင်ရတနာအခွန်လွတ်စျေးတွင် ဆင်းသုခဆန် တစ်ပြည် ၂၀၀၀ ကျပ်ဖြင့် ဆန် (၅) အိတ်၊ ကြက်ဥတစ်လုံး ၃၀၀ ကျပ်ဖြင့် ကြက်ဥအလုံး (၂၀၀)၊ ဝက်သားတစ်ပိသာ ၂၂၀၀၀ ကျပ်စျေးနှုန်းဖြင့် ပိဿာ (၃၀)၊ စားအုန်းဆီ တစ်ပိသာ ၆၇၀၀ ကျပ်ဖြင့် ပိဿာ (၅၀) တို့အား ဒေသခံပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရန် ရောင်းချပေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျင်စိုး၊မြန်အောင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းဇော်ဦး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတို့က ဒေသခံပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရန် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)