စလင်း သြဂုတ် ၁၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ ပုထိုးဖြူရပ်ကွက် ငွေတောင်ဦးကျောင်း ဒို့မေတ္တာ (အခမဲ့) ကုသိုလ် (၈) မျိုး ကျန်းမာရေးနှင့် နာရေးကူညီမှုအသင်းမှ ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ နေ့လယ် (၁) နာရီအထိ ရပ်ဝေးရပ်နီးမှ ရဟန်းရှင်လူပြည်သူများအား သြဂုတ်လ ဒုတိယပတ်တွင် ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ ကျန်းမာရေးချို့တဲ့သူဝေဒနာရှင် ရဟန်းရှင်လူပြည်သူများအား ဒို့မေတ္တာ (အခမဲ့) ကုသိုလ် (၈) မျိုးကို နာရေးကူညီမှုအသင်းမှ စေတနာဆရာဝန် (၃) ဦး၊ တိုင်းရင်းဆေးဆရာ (၁) ဦး၊ အကြောပြင်ဆရာ (၁) ဦး၊ ဆေးဝါးကျွမ်းကျင် စေတနာရှင် (၃၅) ဦးတို့ဖြင့် စုပေါင်း၍ ကျန်းမာရေးချို့တဲ့သူ ဝေဒနာရှင်များအား အမည်စာရင်းများ ကောက်ယူ၍ စည်းကမ်းတကျ အလှည့်ကျ ဆေးကုသခံယူခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ရောဂါဝေဒနာအား စမ်းသပ်စစ်ဆေး၍ စားဆေး၊ သောက်ဆေးများ ပေးဝေ၍ အခမဲ့ကုသပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းအထိ စာရင်းပေးသွင်းထားသူ ၃၂၇ ဦးအား စမ်းသပ်စစ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဆေးခန်းအား စတင်တည်ထောင်သည့်နေ့မှစ၍ လစဥ်နှစ်စဥ် ပြည်သူများ ထည့်ဝင်လှူဒါန်းလျက်ရှိရာ ယနေ့ သြဂုတ်လ (၁၇) ရက်နေ့အထိ ပြည်သူထည့်ဝင်လှူဒါန်းမှုများဖြင့် သွေးတိုး၊ ဆီးချိုရောဂါမှအစ အကြောဝေဒနာရှင်များအထိ အခမဲ့ကုသပေးလျက်ရှိကြောင်း ဒို့မေတ္တာ(အခမဲ့)ဆေးခန်းမှ သိရသည်။
မောင်လွင်(စလင်း)