ဟင်္သာတ ဩဂုတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းရှိ ဘုရင့်နောင်ခန်းမတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ ၂ဝ၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် “ဗလငါးတန်ဖွံ့ဖြိုးဖို့ ကျောင်းကျန်းမာရေးမြှင့်တင်စို့” အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲ ၂နာရီက အဆိုပါနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင်နှင့်ကျန်းမာရေးဌာန ဝန်ထမ်းများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ အောင်ဇော်မင်းနှင့်အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင်နှင့်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်နှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ ကျောင်းသား၊ ကျောင်းသူများ (၃၅ဝ)ဦးခန့် တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် အ-ထ-က(၄) ကျောင်းသား၊ ကျောင်းသူများမှ “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် ဟင်္သာတခရိုင် ကျောင်းကျန်းမာရေးကော်မတီ နာယကခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက“နိုင်ငံတော်မှ ချမှတ်ထားသော “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေး ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရန်အတွက် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေး ကောင်းမွန်စွာဖြင့် ပညာသင်ကြားနိုင်ရန် အရေးကြီးကြောင်း၊ ဗလငါးတန်ဖွံ့ဖြိုးဖို့ ကျောင်းကျန်းမာရေး မြှင့်တင်စို့ ဆောင်ပုဒ်ချမှတ်ပြီး တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် အခမ်းအနားများနှင့် ကျောင်းကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးအတွက် ကျောင်းသား၊ ကျောင်းသူများ နေထိုင်မှုပုံစံနှင့် ရှောင်ရှားရမည့် အစားအစာများ၊ အဟာရပြည့် စားသုံးသင့်သည့် အစားအစာများ၊ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများအကြောင်းပြောကြားခြင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဟင်္သာတခရိုင် ကျောင်းကျန်းမာရေးကော်မတီဥက္ကဋ္ဌ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင်က ၂ဝ၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုများအား ရှင်းလင်းပြောကြားခြင်းနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်းအမှတ် မှတ်တမ်းတင် Video များအား ပြသခြင်းတို့ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ကျောင်းကျန်းမာရေ သီတင်းပတ် လှုပ်ရှားမှုအထိမ်းအမှတ် စာစီစာကုန်း၊ကဗျာပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီးဆချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများမှ ဘဝတွက်တာသိမှတ် စရာစာအုပ်ပါ သင်ခန်းစာ “ကျန်းမာရေးနှင့် ညီညွှတ်စွာ စားသောက်နေထိုင်ပါ” အား သရုပ်ဖော်တင်ဆက်ခြင်း၊ ကျောင်းကျန်းမာရေး အသိပညာပေး တေးသီချင်း၊ အကများဖြင့် ဖျော်ဖြေခဲ့ပြီး နောက် ဟင်္သာတခရိုင် ကျောင်းကျန်းမာရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်၍ အထက(၄)မှ အလယ်တန်း၊ အထက်တန်းကျောင်းသူများအား သံဓာတ်ဆေးဝါးများအား ခရိုင်ပြည်သူ့ကျန်းမာရေးဌာနဝန် ထမ်းများနှင့်အတူ တိုက်ကျွေးခဲ့ကြပြီး ခင်းကျင်းပြသထားသော ကျန်းမာရေးအသိပညာပေး ပြဘုတ်များအား လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)