ပွင့်ဖြူမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများ အဆင်ပြေစေရန် ၁၁ ကေဗွီ ဓာတ်အားလိုင်း တိုးချဲ့တည်‌ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ ဩဂုတ် ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ပြည်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲမှု အဆင်ပြေစေရန်နှင့် ဓာတ်အားဖြန့်ဖြူးခြင်းလုပ်ငန်းများ အဆင်ပြေစေရန်ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ၁၁ ကေဗွီ ဓာတ်အားလိုင်း တိုးချဲ့တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်ဆင်းကြည့်ရှုစစ်ဆေးရာတွင် မင်းဘူးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပွင့်ဖြူမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများ အဆင်ပြေစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ပွင့်ဖြူမြို့  ၁၁ ကေဗွီ ရှောက်တော(ဖီဒါ)အား ‌၁၁ ကေဗွီ မြို့ပေါ်(ဖီဒါ)နှင့် ဝန်အားမျှနိုင်ရန်အတွက် ဆက်စပ် ၁၁ ကေဗွီ ဓာတ်အားလိုင်း ACSR ၁ ဒဿမ ၃ မိုင် တိုးချဲ့တည်ဆောက်ရေးလုပ်ငန်း ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ တည်ဆောက်ပြီးစီးရေး ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားကာ လုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ၁၁ ကေဗွီ ဓာတ်အားလိုင်း အရှည် ၁ ဒဿမ ၃ မိုင် တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၆၇ ဒဿမ ၄၃၇ သန်းဖြင့် PERMANENT QUEEN Co,Ltd ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ပြီး ယခုအခါ လုပ်ငန်းများ ၅၀ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းနိုင်ထံမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )