၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေရယူ၍ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု့

ကျောက်တံခါး သြဂုတ် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် သမဝါယမဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေရယူ၍ ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးလုပ်ငန်းများ ယမန်နေ့တွင် ကွင်းဆင်းကြည့်ရှု့ခဲ့သည်။

ထို့သို့ကွင်းဆင်းကြည့်ရှု့ရာတွင် ခင်ကြီးကျေးရွာအုပ်စု၊ လက်ပံခင်ကျေးရွာ၊ လက်ပံခင်စိုက်ပျိုးရေးနှင့် အထွေထွသမဝါယမအသင်းလီမိတက်အသင်းဥက္ကဋ္ဌဦးထွန်း လင်း၏ အောင်နိုင်တိုးစပါးမျိုးစိုက်ပျိုးထားသည့် လယ်ယာမြေများတွင် သွင်းအားစုဓါတ်မြေသြဇာများ ထည့်သွင်းကြဲပက်နေမှုကို မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှဥက္ကဋ္ဌနှင့်အမှုဆောင်များက ကွင်းဆင်းကြည့်ရှု့ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)