ဟုမ္မလင်း၊ ဒီဇင်ဘာ - ၁၉
ဟုမ္မလင်းမြို့နယ်၊ ထိန်ကင်းကျေးရွာအုပ်စု၊ မာလာကျေးရွာ တောင်သူများမှ နှောင်းလုံး(အင်းကြီး)ကို အမှီ စိုက်ပျိုးသည့် နွေစပါး (မုယင်း)ပျိုးခင်းများသို့ ကြွက်များကျရောက်ကြောင်းသိရှိရဖြင့် ယမန့် နံနက်(၉) နာရီက ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးနှင့် ဝန်ထမ်းများ၊ တောင်သူများနှင့် အတူတကွ ကွင်းဆင်း ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် လက်/ထောက်ဦး စီးမှူးတို့သည် မာလာကွင်း၏ အနေအထားအရ တောစပ်ဝါးခင်းများ၊ ကိုင်းတောပင်များ၊ ကြွက်များခိုအောင်ရာနေရာနှင့် အစာရေစာ ပေါများ စေခြင်းကြောင့် ပတ်ဝန်းကျင် ကြွက်ခိုလှုံရာနေရာများ ရှင်းလင်းခြင်းများ ဆောင်ရွက်ရန် ၊ တောင်သူများအနေဖြင့် ကြွက်သတ်ဆေးဖြင့်သာ နှိမ်နှင်းခြင်းသည် ထိရောက်မှုအားနည်းနေသဖြင့် စပါး ပျိုးခင်း ပတ်ဝန်းကျင် ကြွက်ခိုလှုံရာနေရာများရှင်းလင်းခြင်း၊ ကြွက် သားမပေါက်မီနှင့် ကြွက်အစာမပေါမီ တောင်သူများ စုပေါင်းလှုပ်ရှားမှုအသွင်ဖြင့် နှိမ်နှင်းဆောင်ရွက်ကြရေး၊ မော်တိုက်၊ နောင်ဆွန်၊ မုယင်းနီ စသော ဒေသစပါးမျိုးများအပြင် နှံကောက်ရက်(၉၀)စသော သက်တမ်းတိုစပါးများပါ စိုက်ပျိုးရေး၊ ဓါတ်မြေသြဇာ အချိန်ကိုက်အချိုးကျ အသုံးပြုရေး ပညာပေးဆွေးနွေးခဲ့ကြကြောင်းသိရသည်။
လင်းလင်း(ပြန်/ဆက်)