ရေတာရှည်မြို့နယ်၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်

ရေတာရှည် ဩဂုတ် ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု အစည်းဝေးကို ဩဂုတ် ၁၁ ရက်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်သူ့ကျန်းမာရေးမှူး မြို့နယ်ဆရာဝန် ဒေါက်တာ နန္ဒာညီဆွေကအာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်များအနေဖြင့် ဩဂုတ်လပထမပတ်တွင် မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်၊ ဒုတိယပတ်တွင် (၅) နှစ်အောက် ကလေးများ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ တတိယပတ်တွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ စတုတ္တပတ်တွင် အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေးရက်သတ္တပတ် စသည်ဖြင့် ခွဲခြားသတ်မှတ်၍ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မိခင်နို့တိုက်ကျွေးခြင်း၏ အကျိုးရလဒ်များ၊ ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေးအတွက် နို့တိုက်မိခင်များ လိုက်နာပြုမူရမည့် အချက်များနှင့် ရှောင်ရှားရမည့် အချက်များအား မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌမှ အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)