ရေတာရှည် ဩဂုတ် ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၁) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲတွင် ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးနေဝင်းက ကျောင်းသား/သူများအနေဖြင့် ကျောင်းသင်ခန်းစာများသာမက အပြင်ဗဟုသုတများပါရှိရမည်ဖြစ်ကြောင်း၊ မိမိပတ်ဝန်းကျင်မှာ ကျန်းမာရေးဖြစ်ပေါ်လာပါက အသိသတိဖြင့် နေထိုင်ရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်က ကျောင်းသား/သူ လူငယ်တွေအနေဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော အကြောင်းအရာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ရရှိသော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ ဟောပြောခဲ့ကြသည်။
ဆက်လက်ပြီး စားသုံးသူရေးရာဦးစီးဌာန ရေတာရှည်မြို့နယ်၊ မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ဌေးက စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်ပြီး တိုင်ကြားနိုင်သည့် call center များအကြောင်း၊ တောင်ငူခရိုင်တာဝန်ခံ ဦးစောသန်းထိုက်ကျော်က စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်သည့် ဒေတာအချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများအား ဟောပြောခဲ့သည့် အကြောင်းရာများကို အမေးအဖြေများပြုလုပ်ခဲ့ပြီး လက်ဆောင်ပစ္စည်းများ ချီးမြှင့်ခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်တို့ကို ကျောင်းသား/သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)