ဆိပ်ဖြူမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

ဆိပ်ဖြူ သြဂုတ် ၁၂

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါဖြစ်ပွားမှုလျှော့ချနိုင်စေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်း(ဖုံး၊ သွန်၊ လဲ၊ စစ်)လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၇ နာရီက ဆောင်ရွက်သည်။

အဆိုပါလုပ်ငန်းကို ဒေသခံပြည်သူများ ရောဂါပိုးများသယ်ဆောင်ကူးစက်တတ်သော ပိုးမွှားများအန္တရာယ်မှတဆင့် ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါများ ကြိုတင်ကာကွယ် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ဆောင်ရွက်သည်။

သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါဖြစ်ပွားမှုလျှော့ချနိုင်စေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်း (ဖုံး၊ သွန်၊ လဲ၊ စစ်)လုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းထွန်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများနှင့် လူမှုရေးအသင်းအဖွဲ့များက မြို့ပေါ်ရပ်ကွက်များရှိ ဘုန်တော်ကြီးကျောင်းများ၊ ကိုယ်ပိုင်အထက်တန်ကျောင်းများနှင့် ဒေသခံပြည်သူများ၏ နေအိမ်နှင့် အိမ်ဝန်းအတွင်း သောက်သုံးရေကန်များနှင့် အိုးခွက်များ၊ ဘုရားညောင်ရေအိုးများ၌ ခြင်ပေါက်ဖွားမှုမရှိစေရန် ပိုးလောက်လန်းများ ပေါက်ဖွားမခြင်းရှိမရှိစစ်ဆေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ၊ ခြင်များ ခိုအောင်းပေါက်ဖွားနိုင်သည့် ရေမြောင်းနှင့် ရေဆိုးမြောင်းများ ရေစီးရေလာကောင်းမွန်ရေး၊ အိုခွက်စွန့်ပြစ်ပစ္စည်းများနှင့် တာယာအဟောင်းများ စနစ်တကျစွန့်ပြစ် ဆောင်ရွက်နိုင်ရေးတို့ကို ဆောင်ရွက်ပေးခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး နည်းလမ်းများကို လက်ကမ်းစာစောင်များဖြင့် ဖြန့်ဝေအသိပညာပေးဆောင်ရွက်ပြီး   မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါဖြစ်ပွားမှုလျှော့ချနိုင်စေရန် လုပ်ငန်း လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုးလင်းနိုင်(IPRD)