သရက် ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ပိဿလိမ်းကျေးရွာအုပ်စု၊ သဲဖြူကျေးရွာ၊ ကွင်းအမှတ် (၂၀၇Aခ)တွင် စိုက်ပျိုးထားသော မိုးနှမ်း(စမုံနက်) စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်ကကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးချမ်းငြိမ်းအေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး စွမ်းအားမြှင့်တင်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ကြသည်။
အဆိုပါ သဲဖြူကျေးရွာကွင်းအမှတ်(၂၀၇ Aခ)တွင် မိုးနှမ်း(စမုံနက်)စံပြကွက်အား အပင်သက်တမ်း (၃လ) ကြာစိုက်ပျိုးခဲ့ပြီး (၁)ဧက (၁၇.၂၄)တင်း ထွက်ရှိခဲ့ခြင်းဖြစ်သည်။ သရက်မြို့နယ်တွင် ယခုနှစ် မိုးနှမ်းစိုက်ဧက ၂၃၃၁၉ ဧကစိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
ဇော်ထက်(သရက်)