ဂန့်ဂေါ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော

ဂန့်ဂေါ ဩဂုတ် ၁၁

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်‌ ၉ နာရီအချိန်က မြောက်ကုန်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်း (တပ်တွင်း)၌  ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပခဲ့ကြောင်း သိရသည်။ ဟောပြောပွဲတွင် အခြေခံပညာမူလတန်းကျောင်း(တပ်တွင်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမေက အမှာစကားပြောကြားပြီး ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးက ကလေးအုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများနှင့် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်အကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်း ဟောပြောသည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ရဲနိုင်က မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များ၊ မီး၏အခြေခံသဘောတရား၊ မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရမည့်အချက်များနှင့် မီးသတ်ဆေးဘူးအသုံးပြုကာ ငြိမ်းသတ်ပုံများကိုလည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လဲ့ရည်လှိုင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေနှင့် ကလေးသူငယ်အခွင့်ရေးများ အကြောင်းကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးက စားသုံးသူကာကွယ်ရေးဥပဒေ၊ စားသူအခွင့်အရေးများနှင့် အစားအသောက်နှင့်ပတ်သက်၍ ကုန်စည်နှင့်ဝန်ဆောင်မှု အညွှန်းအမှတ်အသားများအကြောင်းတို့ကို အသီးသီးဟော ပြောကြသည်။

ထို့နောက် ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးက အ-မ-က(တပ်တွင်း)ကျောင်း ကျောင်းစာကြည့်တိုက်အတွက် သုတ/ရသ စာအုပ် စာစောင်များကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမေက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ဟောပြောပွဲအပြီးတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေကာ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ကိုပြသရာ ကျောင်းသား/ကျောင်းသူ လေးများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးနှင့် ဝန်ထမ်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လဲ့ရည်လှိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ရဲနိုင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့် ဝန်ထမ်းများ၊ အခြေခံပညာမူလတန်းကျောင်း(တပ်တွင်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမေနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်မျိုးမင်း