ကံမ ဩဂုတ် ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ မြို့နယ်ခန်းမ၌ ယနေ့နံနက် (၁၀) နာရီက ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကံမမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းနိုင်နှင့် မြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်ဇလပ်တို့က ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးနှင့်ပက်သက်သည့် အကြောင်းအရာများကို အသိပညာပေးဟောပြောပြီး လန်ချန်း - မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနမှ ပေးပို့ထားသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးနှင့်ပက်သက်သည့် အသိပညာပေးအကြောင်းအရာများ ပါဝင်သော ဗွီဒီယိုဖိုင် (၂) ခုအား အသိပညာရရှိစေရေး ဖွင့်လှစ်ပြသရာ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)