နတ်မောက်မြို့နယ် မြို့မဈေးကြီးတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

နတ်မောက် ဩဂုတ် ၁၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ ယမန်နေ့ နေ့လယ်ပိုင်းအချိန်က မြို့မဈေးကြီးတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထို့သို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန တိုင်းရင်းဆေးမှူးဒေါ်ညိုယဉ်နွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့က မြို့မဈေးအတွင်း/အပြင်ရှိ တိုင်းရင်းဆေးဆိုင်များတွင် ဆေးဝါးမှတ်ပုံတင်ခွင့်ပြုထားခြင်းမရှိသော ဆေးမေတ္တာအမှတ်တံဆိပ်တိုင်းရင်းဆေးဝါးများကို ထုတ်လုပ်ရောင်းချခြင်းနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး၍ တွေ့ရှိပါက သိမ်းဆည်းခြင်းနှင့် ထပ်မံရောင်းချမှုမရှိစေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှဝင်း