ဆိပ်ဖြူမြို့နယ်တွင် ကျောင်းကျန်းမာရေး လှုပ်ရှားမှုရက်သတ္တပတ် ကျောင်းသား/ ကျောင်းသူ များအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးဆောင်ရွက်

ဆိပ်ဖြူ သြဂုတ် ၁၁

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ၂၀၂၅ ခုနှစ် ကျောင်းကျန်းမာရေးလှုပ်ရှားမှု ရက်သတ္တပတ် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက ဆိပ်ဖြူ(အ.ထ.က) ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်ထက်အောင်က ကျန်းမာရေးဆိုင်ရာအသိပညာပေး အမှာစကားများတက်ရောက် ပြောကြား ပေးသည်။ ထို့နောက် ပြည်သူ့ကျန်းမာရေးဌာန သွားနှင့်ခံတွင်းကျန်းမာရေး၊ သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်ကြိုတင်ကာကွယ်ရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးနည်းလမ်းများကို သက်ဆိုင်ရာဆရာဝန်နှင့် ကျန်းမာရေးမှူးတို့က ကျောင်းသား/ကျောင်းသူများကို ရှင်းလင်းပြောကြားပေးသည်။

၎င်းနောက် ကျောင်းသား/ကျောင်းသူများအား သွားနှင့်ခံတွင်း ကျန်းမာရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေး ကိုယ်အလေးချိန်နှင့် အရပ်တိုင်းတာခြင်း လုပ်ငန်းများစစ်ဆေးဆောင်ရွက်ခြင်း၊ ကျောင်းအတွင်း အသုံးပြုလျက်ရှိသည့် သောက်သုံးရေကန်များ ပိုးလောက်လမ်း စစ်ဆေးခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းများ၊ သန့်စင်ခန်းများ သန့်ရှင်းရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုးလင်းနိုင်(IPRD)