တောင်တွင်းကြီးမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေများဖြင့် ဆောင်ရွက်သော လုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှု

တောင်တွင်းကြီး ဩဂုတ် ၁၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေများဖြင့် ဆောင်ရွက်သောလုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး၊ မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမိုးထိုက်နှင့်အဖွဲ့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး၊ မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမိုးထိုက်နှင့် မြို့နယ်စီမံကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေကျပ် (၂၅၈.၇၂၅သန်း)ဖြင့် ဆောင်ရွက်သော တောင်တွင်း- အောင်လံကားလမ်းမှ -ကုန်းတန်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းတွင် (2x4)ခွဲကျောက်ဖြင့် လမ်းချဲ့ခြင်းဆောင်ရွက်နေမှုအားလည်းကောင်း၊ ရန်ပုံငွေကျပ်(၂၈၀.၀၀၀သန်း)ဖြင့် ဆောင်ရွက်သော တောင်တွင်း-အောင်လံကားလမ်းမှ ရွာသစ်လမ်းပေါ်ရှိ (၄၀ပေ) (၁)စင်း သံကူကွန်ကရစ်တံတားတည်ဆောက်ခြင်း လုပ်ငန်းခွင်အားလည်းကောင်း ကွင်းဆင်းကြည့်ရှုခဲ့ရာ တာဝန်ခံအင်ဂျင်နီယာများမှ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့် မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမိုးထိုက်တို့မှ  လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရပါသည်။

နောင်နောင် (ဗိဿနိုးမြေ)