ဆိပ်ဖြူမြို့နယ်တွင် မိုးမြေပဲအောင်မြင်ဖြစ်ထွန်ရေးနှင့် အထွက်နှုန်းကောင်းမွန်ရေးအတွက် ဒေသခံတောင်သူများ ကြိုးပမ်းဆောင်ရွက်

ဆိပ်ဖြူ သြဂုတ် ၁၀

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မိုးမြေပဲ စိုက်ပျိုးထားရှိမှု အောင်မြင်ဖြစ်ထွန်းရေးနှင့် အထွက်နှုန်းကောင်းမွန်ရေးတို့အတွက် ဒေသခံတောင်သူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်၌ ၂၀၂၅ မိုးမြေပဲကို စိုက်ပျိုးရန် (၁၂၉၂၁)ဧက စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်ခဲ့ပြီး (၁၀၉၇၄)ဧက စိုက်ပျိုးပြီးစီးခဲ့သည်။ မြေပဲကို ကုန်စိုက်ပျိုးမြေများ၌ မိုးရာသီကာလတွင် မိုးရေကိုအဓိကထားရယူစိုက်ပျိုးဆောင်ရွက်ကြောင်း၊ မိုးမြေပဲနှင့်အတူ သီးညှပ် ပဲစိမ်းငုံကိုလည်း တွဲဖက်စိုက်ဆောင်ရွက်ထားကြောင်း၊ သီးနှံအထွက်နှုန်းကောင်းမွန်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီဌာနက မြေပဲမျိုးကောင်း မျိုးသန့်များနှင့် စိုက်ပျိုးရေးနည်းပညာများကို ရယူစိုက်ပျိုးဆောင်ရွက်ကြောင်း၊ မြေပဲကို မိုးအများဆုံးရွာသွန်းသည့် ဇူလိုင်လမှ စတင်စိုက်ပျိုးကြပြီး အောက်တိုဘာလကုန်ပိုင်း၌ တူးဖော်ရကြောင်း၊ လက်ရှိမှာတော့ မြေပဲစိုက်တောင်သူများက မြေပဲ အောင်မြင်ဖြစ်ထွန်းရေးနှင့် အထွက်နှုန်းကောင်းမွန်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း မြေပဲစိုက် တောင်သူများထံမှ သိရသည်။

စိုးလင်းနိုင်(IPRD)