ကလေးဝမြို့ အမှတ်(၂)ရပ်ကွက်ရှိ ဒေသခံပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေး

ကလေးဝ ဩဂုတ် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် အမှတ်(၂) ရပ်ကွက်ရှိ ဒေသခံပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အဆိုပါ စားအုန်းဆီများ ရောင်းချပေး‌နေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်နှင့် အဖွဲ့ဝင်များ၊  မြို့နယ်စားအုန်းဆီ ရောင်းချမှုကြီးကြပ်ရေးအဖွဲ့ဝင်များက ကြီးကြပ်‌ဆောင်ရွက်ခဲ့ကြသည်။

စားအုန်းဆီများရောင်းချပေးရာတွင် မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်ရှိရာမှ ယနေ့တွင် အမှတ် (၂) ရပ်ကွက်ရှိ ဒေသခံပြည်သူများအား အိမ်ထောင်စု တစ်စုလျှင် စားအုန်းဆီ နှစ်ပိဿာနှုန်းဖြင့် အိမ်ထောင်စု ၈၅၀ ကျော်အား ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)