ကလေး ဩဂုတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကနှင့်ဥက္ကဋ္ဌတို့သည် ကလေးခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ရိပ်သာရှိ အဘိုး၊ အဘွားစုစုပေါင်း ၃၀ ဦးအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ တစ်ဦးချင်းအလိုက် ငွေပဒေသာပင်နှင့် အဟာရဖြည့်စားသောက်ဖွယ်ရာများ လိုက်လံပေးအပ်ခဲ့ပြီး ရိပ်သာရှိ ရုံးခန်း၌ တာဝန်ရှိကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံကာ လိုအပ်သည်များ ကူညီဖြည့်ဆည်းပေးခဲ့သည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အေးရိပ်မွန်အမျိုးသမီးမိဘမဲ့ဂေဟာသို့ရောက်ရှိရာ ကလေးများနှင့် တွေ့ဆုံနှုတ်ဆက်စကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးထံ အလှူငွေ၊ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများပေးအပ်ခဲ့ပြီး G-12 အောင်မြင်ခဲ့သော သမီးငယ်လေး ၂ ဦးအား ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ပါသည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သမီးငယ်လေးများအား အမျိုးသမီးများဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍ ပညာပေးဗဟုသုတများ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)