မကွေးတိုင်းဒေသကြီး အတွင်းဌာနဆိုင်ရာ ရုံးများ စာသင်ကျောင်းများ၊ တက္ကသိုလ်ကောလိပ်များတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မကွေး ဩဂုတ် ၉

မကွေးတိုင်းဒေသကြီး၊ သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးရှိ ဌာနဆိုင်ရာ ရုံးများ၊ စာသင်ကျောင်းများ၊ တက္ကသိုလ်ကောလိပ်များတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများက သွား‌ရောက်ကြည့်ရှုအားပေးသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မကွေးတိုင်းဒေသကြီးအပါအဝင် မြို့နယ်(၂၅)မြို့နယ်ရှိ ဌာနဆိုင်ရာအသီးသီး၌ ရုံးပတ်၀န်းကျင် သန့်ရှင်းသာယာလှပ‌စေရေးအတွက် ရုံးအတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးများခတ်ခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့အတူ စာသင်ကျောင်းများ၊ ဆေးရုံများ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ (စနေ့နေ့တိုင်း) စုပေါင်းသန့်ရှင်း‌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်ဆက်)