ကံမမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်သင်ကြား

ကံမ ဩဂုတ် ၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြို့နယ်ခန်းမ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၃၀၃)ဦးတို့အား ဩဂုတ် (၃)ရက်နေ့မှ ဩဂုတ် (၁၀) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရွေးကောက်ပွဲသမိုင်း၌ အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုကျင်းပမည့် ပထမဆုံးရွေးကောက်ပွဲဖြစ်ကြောင်း အဆိုပါ  မဲပေးစက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်တွင်းကျွမ်းကျင်နည်းပညာရှင်များပေါင်းစပ်ကာ မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ဒီဇိုင်းပုံစံ တီထွင်ထုတ်လုပ်ထားကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာမဲပေးနိုင်ရေးနှင့် မဲပေးစက်ကိုင်တွယ်သူများ စနစ်တကျကိုင်တွယ်နိုင်ရေးအတွက် ယခုကဲ့သို့ သင်တန်းအား ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း မြို့နယ်ကော်မရှင်အရာရှိ ဒေါ်ဇူပန်မိုထံမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)