ညောင်လေးပင်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (UID) စနစ်ဖြင့် Smart Card များ ဆောင်ရွက်ပေးလျက်ရှိ

ညောင်လေးပင် ဩဂုတ် ၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ လိမ်လည်ထုတ်ယူခြင်းမှ ကင်းဝေးနိုင်စေရန်၊ လူပုဂ္ဂိုလ်မှန်ကန်မှုရှိ/မရှိ စိစစ်နိုင်စေရန်နှင့် ခေတ်မီနည်းပညာအသုံးပြုနိုင်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ (UID)စနစ်ဖြင့် Smart Card များအား အိမ်အရောက်ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ညောင်လေးပင်မြို့နယ် ဦးစီးမှူးရုံးမှ ဒုလ.ဝ.ကမှူး ဒေါ်အေးအေးဝင်းနှင့်ဝန်ထမ်းများက Biometric (UID) စနစ်ဖြင့် Smart Card မပြုလုပ်ရသေးသော အငြိမ်းစားဝန်ထမ်းများမှ ကျန်းမာရေးအရရုံးသို့ လာရောက်ဆောင်ရွက်နိုင်ခြင်းမရှိသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစား(၂)ဦးအား Home Service ပေး၍ အိမ်သို့ကိုယ်တိုင်သွားရောက်၍ Smart Card များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)