ကော့သောင်း ဩဂုတ် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အဖြစ် အသက်(၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်းဦးစီးဌာန၊ မူကြိုကျောင်းနှင့် ခေတ်သစ်မူကြိုကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ဒုခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဖြူဖြူဆွေကြီးကြပ်မှုဖြင့်ကျန်းမာရေးဌာနမှ ဆရာမများက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အဖြစ် ကလေးငယ်များအား အာဟာရမျှတစေရန် အစာအုပ်စု(၃)စု ပါဝင်အောင် စားသုံးရန် ရုပ်ပုံများပြ၍အသိပညာပေးပြီး ကလေးငယ်များအတွက် အာဟာရချို့တဲ့မှုများမှ ကင်းဝေးပြီး အာဟာရပြည့်ဝ၍ ကိုယ်ခန္ဓာဖွံ့ဖြိုးကာ ကျန်းမာသန်စွမ်းစေရေးအတွက် (၆) လလျှင် တစ်ကြိမ် တိုက်ကျွေးရသည့် ဗီတာမင်အေအားဆေးနှင့် သံချဆေးများတိုက်ကျွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)