ကော့ကရိတ် ဩဂုတ် ၇
ဆက်သွယ်ရေးလိမ်လည်မှုကြောင့် ဆက်စပ်ဖြစ်ပေါ်လာနိုင်သော ငွေကြေးလိမ်လည်မှုနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲနင့် နံရံကပ်စာစောင် ပြသခြင်းကို ဩဂုတ် ၆ ရက် နံနက် ၁၁ နာရီက ကော့ကရိတ်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း သရဖီခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်က အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မျိုးဝင်းက လူကုန်ကူးမှု၏ အဓိပ္ပာယ်နှင့်လက္ခဏာများ၊ လူငယ်များလူကုန်ကူးမှုမခံရအောင် အခြေခံသိထားရမည့် အချက်များ၊ လူကုန်ကူးခံရခြင်း၏ အဓိကအကြောင်းရင်းမှာ ခေါင်းပုံဖြတ်ရန်ရည်ရွယ်ချက်ဖြင့် လူပုဂ္ဂိုလ်တစ်ဦးအားခြိမ်းခြောက်၍ အတင်းအကျပ်အင်အားသုံးစေခိုင်းနိုင်ကြောင်း၊ ပြည့်တန်ဆာအဖြစ် စေခိုင်းနိုင်ကြောင်း၊ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများ ဖယ်ထုတ်ခံရနိုင်ကြောင်း၊ ကျွန်ကဲ့သို့ အလုပ်ခိုင်းစေနိုင်ကြောင်း၊ ဖြားယောင်းလိမ်လည်၍ အာဏာ အလွဲသုံးစားပြုခြင်းခံရနိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၀၅ ခုနှစ်က လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေကို ပြဌာန်းထားပါကြောင်း ရှင်းလင်းဟောပြောသည်။
ထိုနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ် စာစောင်များကို တက်ရောက်လာကြည့် သက်ဆိုင်ရာဌာနဆိုင်ရာ များ ကျောင်းသား/ကျောင်းသူများက ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)