မကွေးတိုင်း‌ဒေသကြီး၊ ရေနံ‌ချောင်းမြို့နယ်၌ ကျောင်းကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်

မကွေး ဩဂုတ် ၇

မကွေးတိုင်းဒေသကြီး၊ မ‌ကွေးခရိုင်၊ ရေနံချောင်းမြို့၌ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေး ရည်ရွယ်၍ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်က‌ ရေနံချောင်းမြို့နယ်၊ နတ်ကန်ဦး အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် တိုင်းကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံ ဆရာ/ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက ကျေးရွာများရှိ အခြေခံပညာမူလတန်းလွန်ကျောင်းများထံ ကွင်းဆင်း၍ ကျောင်းသား၊ ကျောင်းသူများအား မိုးရာသီကာလအတွင်းအဖြစ်များသော ရာသီတုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သတိပြုလိုက်နာဆောင်ရွက်ရမည့် ရှောင်ရန်၊ ဆောင်ရန်အချက်များ၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်တားဆီးရေး အသိပညာပေးများ  ဟောပြောခဲ့ပြီး မြေငလျင်ကာကွယ်‌ရေး သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁၈) ဦးအား လိုအပ်သည့် ကျန်းမာရေးစစ်‌ဆေးမှုများ ပြုလုပ်ပေးခြင်း၊ သန်ချဆေးတိုက်ကျွေးခြင်း၊ အာဟာရနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အခြေအနေ စစ်ဆေးခြင်းများ ဆောင်ရွက်ကြပြီးလိုအပ်သည့် ဆေးဝါးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)