ထားဝယ် ဩဂုတ် ၇
တနင်္သာရီတိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသည့် ထားဝယ်မြို့နယ်၊ ကျောက်မော်ရပ်ကွက်၊ လမ်းမသစ်လမ်း ဦးပိုင်အမှတ် ၁၃/၁ ၌ရွှေဝါမြေစိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများ စိုက်ပျိုးထားသောမိုးစပါးစိုက်ခင်းများကိုယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးရွှေဝင်း၊ တိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်ဥက္ကနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။
ထို့နောက်တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးရွှေဝင်းက မိုးစပါးစိုက်ခင်းများတွင် မြေဩဇာများ အချိန်ကိုက် အချိုးကျ ထည့်သွင်းနိုင်ရေး၊ ပိုးမွှားရောဂါ ကျရောက်မှုမရှိစေရေး စိုက်ပျိုးသည့် နည်းစနစ်မှန်ကန်စေရေး ဂရုစိုက်ဆောင်ရွက်သွားရန်တောင်သူများအားမှာကြားပြီး တောင်သူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)