ဖျာပုံမြို့နယ်တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းတို့ဆောင်ရွက်

ဖျာပုံ‌ ဩဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ဆေးထိုးနှံစုရပ်များတွင် ယနေ့နံနက် (၁၀)နာရီအချိန်၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများမှ အသက်(၂)လမှ (၅၉)လထိ အရွယ်ကလေးများအား ပိုလီယိုရောဂါ ကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ အသက်(၂)လမှ (၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်ကြသော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ၊ဦးနှောက်အမြှေးရောင် ကာကွယ်ဆေးများ၊ (၅)မျိုးစပ် ကာကွယ် ဆေးများထိုးနှံပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးများ ထိုးနှံ ပေးခြင်းနှင့်အသက်(၆)လမှ (၅)နှစ်အထိကလေးများကိုလည်း ဗီတာမင်-အေ တိုက်ကျွေးခြင်း တို့ကို မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်အလိုက် လိုက်လံကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဝင်းနိုင်