လေးမျက်နှာ ဩဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ပြည်သူ့ကျန်းမားရေး ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် (ပထမပတ်) မိခင်နို့ စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစုစုလှိုင်က မိခင်နို့စနစ်တကျတိုက်ကျွေးခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကို အသိပညာပေး ပြောကြားသည်။ ဆက်လက်၍ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အထိမ်းအမှတ်အနေဖြင့် မိခင်နို့စနစ်တကျတိုက်ကျွေးမှုကို လက်တွေ့သရုပ်ပြခဲ့ပြီး နို့တိုက်မိခင်များအား မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်နှင့်တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်၊ မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစုစုလှိုင်နှင့်ဝန်ထမ်းများ၊ မြိုနယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် နို့တိုက်မိခင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုးသက်ကို