ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စုပေါင်းဓာတ်မြေဩဇာကြဲပက်ပွဲနှင့် ပေါင်းလိုက်တမန်းနှိုးပွဲအား ကြည့်ရှုအားပေး

ပုသိမ် ဩဂုတ် ၇

၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စုပေါင်းဓာတ်မြေဩဇာကြဲပက်ပွဲနှင့် ပေါင်းလိုက်တမန်းနှိုးပွဲကို ယမန်န်နေ့နံနက်ပိုင်းက ကျုံပျော်မြို့နယ်၊ ပျဉ်ချဆိပ်ကျေးရွာ တောင်သူ ဦးကြည်ဝင်း၏ စိုက်ဧက(၁၃)ဧကတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့် တက်ရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ ပျဉ်ချဆိပ်ကျေးရွာ တောင်သူ ဦးကြည်ဝင်း၏ စိုက်ဧက(၁၃)ဧကတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးစပါးပန်းတိုင် အထွက်နှုန်း ရရှိရေးအတွက် စုပေါင်းဓာတ်မြေဩဇာကြဲပက်ပွဲနှင့် ပေါင်းလိုက်တမန်းနှိုးခြင်းနှင့် တိုင်းဒေသကြီး အတွင်းအစိုက်အများဆုံး အထွက်နှုန်းနှင့်အရည်အသွေးကောင်း စပါးမျိုး(၁၈)မျိုးအား ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားရှိမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီး ချုပ်က စိုက်ပျိုးရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် အခြေခံလိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်၊  သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ အချိုးကျသုံးစွဲရန်နှင့် တိုင်းဒေသကြီး၏ မိုးစပါး ပန်းတိုင်အထွက်နှုန်း ရောက်ရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး စုပေါင်း ဓာတ်မြေဩဇာကြဲပက်ခြင်းနှင့် ပေါင်းလိုက်တမန်းနှိုးဆောင်ရွက်ခဲ့ကြသည့် တောင်သူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်