ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

ဟင်္သာတ ဩဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ပခန်းရပ်ကွက်၊ ကမ်းနားဆိပ်ကမ်း၌ ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲအချိန်က အဆိုပါနေရာတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့်အဖွဲ့ဝင်များ ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစိုးပိုင်နှင့်ဝန်ထမ်းများ၊ ဟင်္သာတမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့်အဖွဲ့ဝင်များ၊ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ၊ ခရိုင်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သက်သက်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်နှင့် အသင်းဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းမှ ဦးဆောင်၍ ဧရာဝတီမြစ် သဘာဝရေပြင်အတွင်းသို့ ငါးမြစ်ချင်းကောင်ရေ နှစ်သောင်းနှင့် ငါးခုံးမကြီးကောင်ရေ သုံးသောင်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ  ငါးသောင်းတို့ကို ငါးသယံဇာတတိုးပွားရေးနှင့် ငါးမျိုးမပြုန်းတီးရေး တို့ကိုရည်ရွယ်၍ ဧရာဝတီမြစ်အတွင်း သဘာဝရေပြင်သို့ ငါးမျိုးစိုက်ထည့်ခြင်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)