စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အာစရိယပူဇော်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်း သြဂုတ် ၇

စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် ပဉ္စမနှစ် ကျောင်းသား၊ ကျောင်းသူများ နှုတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမတွင်ကျင်းပရာ ပါမောက္ခချုပ်ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူများ၊ သင်းကြား၊ စီမံဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားတွင် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများအား ကျောင်းသား၊ ကျောင်းသူများက ကန်တော့ချိုးဖြင့် ဝန်ချကန်တော့တောင်းပန်၍ ကန်တော့ပစ္စည်းများဖြင့် ပူဇော် ကန်တော့ကြသည်။

ထို့နောက်စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်အလိုက် ပါမောက္ခဌာနမှူများက ဆုံးမသြဝါဒနှင့် ဆုပေးစကားများပြောကြားပြီး ပဉ္စမနှစ်ကျောင်းသားတစ်ဦးက ကျေးဇူးတင်နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။

နေလင်းအောင်