ထားဝယ်မြို့၌နိုင်ငံဝန်ထမ်းအငြိမ်းစားများတွင်လိုအပ်လျက်ရှိသည့် Unique ID များအိမ်တိုင်ရာရောက် ဆောင်ရွက်

ထားဝယ် ဩဂုတ်

နိုင်ငံတော်၏ တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံဝန်ထမ်းအငြိမ်းစားများတွင်လိုအပ်လျက်ရှိသည့် UID (Unique  Indentity)စနစ်ဖြင့် Smart Cardကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ရပ်ကွက်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား အိမ်တိုင်ရာရောက် Home Service ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဆန်းချီ/အိုးလုပ်/ကညုံရပ်ကွက်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား UID စနစ်ဖြင့် Smart Card ကတ်ပြားဆောင်ရွက်ပေးနေမှုကို ထားဝယ်မြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်မြို့နယ်မှူး ဦးအောင်မြင့်က ကြည့်ရှုအားပေးပြီးလိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက Biometric (UID) စနစ်ဖြင့်Smart Card က မပြုလုပ်ရသေးသောနိုင်ငံဝန်ထမ်းအငြိမ်းစားများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)