ဖောင်းပြင်မြို့နယ်တွင် မိုးစပါး ၅၄၅၅၀ဧက စိုက်ပျိုးရန်လျာထား၊ တောင်သူအချို့စတင်စိုက်ပျိုး

ဖောင်းပြင် ဩဂုတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် စိုက်ဧကပေါင်း ၅၄၅၅၀ ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရကာ တောင်သူအချို့ စတင်စိုက်ပျိုးနေကြကြောင်း သိရသည်။

ယခုနှစ် မိုးဦးကာလဖြစ်သည့် ဇွန်လပထမပတ်မှစ၍ မိုးကောင်းခဲ့သည့်အတွက် မိုးရေကိုအားပြု ထွန်ယက်ကာ တောင်သူအချို့က စတင်စိုက်ပျိုးနေကြရာ ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်း ကောင်းသည့် ဧရာမင်း၊ ချင်းဧကရီ-၃၊ မှော်ဘီနှင့် ဂျပန်တို့ကို အများဆုံးစိုက်ပျိုးကြကြောင်း အင်ကြင်းမြိုင် ရပ်ကွက်မှ တောင်သူတစ်ဦးထံမှသိရသည်။

စိုက်ပျိုးရာတွင် ကုန်ကျစရိတ်သက်သာရေးအတွက် ပျိုးထောင်၍ စိုက်ပျိုးခြင်းမပြုလုပ်ဘဲ တိုက်ရိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုးနေကြကြောင်း၊ စိုက်ပျိုးရေးတွင် အသုးပြုသည့် စက်သုံးဆီ၊ ပေါင်းသတ်ဆေးနှင့် ကောက်စိုက်စရိတ်တို့ မြင့်မားနေခြင်းကြောင့် ကုန်ကျစရိတ်သက်သာသည့် အစေ့ချစိုက်ပျိုးနည်းအား ရွေးချယ်စိုက်ပျိုးခြင်းရဖြစ်ကြောင်း ၎င်းတောင်သူထံမှသိရသည်။

 မြို့နယ်(ပြန်/ဆက်)