ငပုတော ဩဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အခြေခံပညာအထက်တန်းကျောင်း အ-ထ-ကတောင်ကလေးတွင် ကျောင်းဆောင်သစ်ဆောက်လုပ်မည့် မြေနေရာမြေသန့်ခြင်း မင်္ဂလာနှင့်ပန္နက်တက်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ကျောင်းဆောင်ဆောက်လုပ်မည့်နေရာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာမင်္ဂလာအချိန်ကျရောက်သည်နှင့် မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီး၌ ပန္နက်တင်ခြင်းမင်္ဂလာကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ကျောင်းဆောင်သစ်သည် (၁၀၀ပေx၃၀ပေ) RCC(၂)ထပ် ကျောင်းဆောင်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ရွှေနန်းဗဟိုကုမ္ပဏီမှ သတ်မှတ်ကာလအမီ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)