ကျွန်းလှ ဩဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သစ်ရာမြိုင်ရပ်ကွက်၊ အမှတ် (၂) လမ်းကို တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ထိုကျောက်ချောလမ်း အရှည် ပေ ၅၀၀၊ အကျယ် ၁၂ ပေ၊ ထု ၁၁ လက်မ ခင်းခြင်းကို ခွင့်ပြုရန်ပုံငွေကျပ် ၁၉ ဒသမ ၉၀ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ လမ်းသည် ယခင်က မြေသားဖြစ်ပြီး မိုးရာသီတွင် သွားလာရေးခက်ခဲကြောင်း၊ ယခုလို ကျောက်ချောလမ်း အဆင့်မြှင့်တင်ခင်းခြင်းဖြင့် ရေစီးရေလာကောင်းမွန်ပြီး ရဟန်းရှင်လူ ပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ သွားလာရေး အဆင်ပြေနေပြီ ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို