ပြည်ကြီးမဏ္ဍိုင် ဩဂုတ် ၇
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက် လာစေရန်၊ ယှဉ်ပြိုင်တက်သည့် အလေ့အကျင့်များရရှိစေရန်၊ အသိဉာဏ်ပညာဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်နှင့် စာကြည့်တိုက်အသုံးချမှု ပိုမိုတိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့ ညနေပိုင်းက ကလေးစာဖတ်ခန်း၌ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပွဲကို ကျင်းပသည်။
ထို့နောက် အခြေခံပညာအလယ်တန်းကျောင်းသူ(ပြည်ကြီးမဏ္ဍိုင်) Grade-2 နှင့် Grade-3 မှ ကျောင်းသား/ကျောင်းသူ(၁၅)ဦးတို့က တိရစ္ဆာန်များ၊ အသုံးဆောင်ပစ္စည်းများနှင့် ပတ်သက်သော အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများအား ဂုဏ်ပြုလက်ဆောင်နှင့် ပြိုင်ပွဲဝင်ကလေးများအား အာဟာရမုန့်များ ဝေပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုနှင့်ပတ်သက်သည့်နံရံကပ်စာစောင်များအားပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြကြောင်းသိရ သည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)