ကော့ကရိတ်မြို့နယ်၌ ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းများဆောင်ရွက်

ကေ့ာကရိတ် ဩဂုတ် ၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကော့ကရိတ်မြို့ အလေးမအားကစားရုံတွင် ယာယီရုံးဖွင့်လှစ်ကာ  “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုဩဂုတ်၄ရက်မှစ၍ ဆောင်ရွက်ပေးလျက်ရှိ‌ကြောင်းသိရသည်။

နိုင်ငံသားတိုင်းပိုင်ဆိုင်သင့်သည်  နိုင်ငံသားအခွင့်အရေးများဆုံးရှုံးမှုမရှိစေရေး၊ လာမည့်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး ‌မဲပေးနိုင်ရေးအတွက် ပန်းခင်း စီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသည့် ကေ့ာကရိတ်မြို့အတွင်း ပြန်လည် ဝင်ရောက်နေထိုင်ကြသည့်ပြည်သူများအား လိုအပ်သောသက်သေခံ အထောက်အထား စာရွက် စာတမ်းများစိစစ်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးနေမှုအခြေအနေတိုကို ကေ့ာကရိတ်ခရိုင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင် ရာတာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြ‌ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်