စေတုတ္တရာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေး စမ်းသပ်စစ်‌ဆေးကုသပေးခြင်း ဆောင်ရွက်

စေတုတ္တရာ ဩဂုတ် ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို‌ ယမန်နေ့နံနက်(၉)နာရီခွဲက စေတုတ္တရာမြို့နယ် မိခင်နှင့်က‌လေးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကျန်းမာ‌ရေးစစ်ဆေးခြင်းနှင့် ဆေးကုသပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း ဆရာ၊ ဆရာမများက အငြိမ်းစားဝန်ထမ်များအား စာရင်းပေးသွင်းပြီး သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဆီးချို၊‌ သွေးချိုစစ်ဆေးပေးခြင်း၊ နှလုံးစစ်ဆေးပေးခြင်းနှင့် လိုအပ်သည့်ဆေးဝါးများအား အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသ‌ရေးဦးစီးဌာနမှ သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)