မြဝတီ ဩဂုတ် ၆
မြဝတီမြို့တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး online Talk Show ကို ယနေ့နေ့လယ် ၁ နာရီက ဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီ၊ မြဝတီမြို့ပြန်လည်ထူထောင်ရေးဂေဟာမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်နွယ်နွယ်ရီတို့က မျိုးဆက်သစ်ကျောင်းသားလူငယ်များ လောင်းကစားမှု၊ လိမ်လည်မှုနှင့် အင်တာနက်အွန်လိုင်း အသုံးပြု၍ လူမှုပတ်ဝန်းကျင်၌ တွေ့မြင်နေရသည့် လူကုန်ကူးမှုဖြစ်စဥ်များ၊ ကိုယ်ကျင့်တရားဖောက်ပြားမှုနှင့် လိမ်လည်မှုများဖြစ်စဥ်များ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာများအား သတိပြုဆင်ခြင်နိုင်စေရန်အတွက် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာပပျောက်ရေး နည်းလမ်းများအားဆွေးနွေးခဲ့ကြသည်။
ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ online Talkshow ဆွေးနွေးပွဲများအပြင် အခြေခံပညာကျောင်းများ၊ ရပ်ကွက်များတွင်လည်းအသိပညာပေး ဟောပြောပွဲများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)