ထားဝယ် ဩဂုတ် ၆
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲ က ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ က “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြမည်" သီချင်းဖြင့် သီဆိုဖျော်ဖြေပြီးဆရာ/ဆရာမများ က “ပညာဘဏ်တိုက်စာကြည့်တိုက် "သီချင်း ဖြင့်သီဆို ကပြဖျော်ဖြေသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က ယခုလို“စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်များကိုကျင်းပနိုင်ခြင်းသည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် လူသားအရင်းအမြစ်ကို အသုံးချပြီးလူ့စွမ်း အားအရင်းအမြစ်ပြုစုပျိုးထောင်ရေးကို အလေးအနက်ထား၍ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး သည်အစိုးရ၏ တာဝန်ချည်းသာမဟုတ်ဘဲ အစိုးရနှင့်အတူပြည်ကျောင်းသူတစ်ရပ်လုံးကပါ နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက် ရန်လိုအပ်သည်ကို ပြည်သူလူထုအားလုံးက နားလည်သဘောပေါက်ထားရန် လိုအပ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုက အစိုးရနှင့်ပြည်ကျောင်းသူအတူတကွ လက်တွဲပူးပေါင်း၍ သူ့တာ၊ ကိုယ့်တာ ကျေပွန်စွာဆောင်ရွက်ကြခြင်းမှ ထွက်ပေါ်လသည့် ရလဒ် ဖြစ်သည်ကို ကောင်းစွာသိရှိနားလည်ကြပြီး ကမ္ဘာ့အလယ်တွင် ဝင့်ထည်နိုင်ရေး အစွမ်းကုန်အားထုတ်ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ “ပညာဘဏ်တိုက်စာကြည့်တိုက်”ဟူ၍အဆိုရှိကြောင်း၊ စာကြည့်တိုက်များကို အသိပညာအတတ်ပညာဟူသော အဖိုးထိုက်၊ အဖိုးတန်ဘဏ္ဍာများ သိမ်းဆည်းရာ ဘဏ်တိုက်များ အဖြစ် တင်စားထားခြင်းဖြစ်ကြောင်း၊ စာပေဖတ်ရှု သည့်အလေ့အထကိုငယ်စဉ်မှ စတင်ပျိုးထောင် ရခြင်းဖြစ်ရာ အိမ်၌မိဘတို့က အားပေးရန်လိုအပ်သလိုကျောင်းမှာလည်း စာပေ ဖတ်ရှုလေ့လာရန် အခွင့်အလမ်းကောင်းများဖန်တီးပေးထားရန်လိုအပ်ကြောင်း။ စာအုပ်စာပေဖတ်ရှုလေ့လာခြင်း၏အကျိုး ကိုကျောင်းသားကျောင်းကျောင်းသူများသိရှိနားလည်ရန် ဆရာဆရာမများက ရှင်းလင်းပြောကြား ပေးကြရမည်ဖြစ်ပြီး ကျောင်းသား ကျောင်းကျောင်းသူတိုင်း စာဖတ်ကျောင်းသူများဖြစ်လာစေရန်လည်း အားပေးတိုက်တွန်းကြရန်လိုအပ်ကြောင်း၊ ကျောင်းသင်ပညာရေး နည်းလမ်းဖြင့်သင်ကြားခွင့် မရရှိခဲ့ ကျောင်းသူများ၊ ကျောင်းမနေခဲ့ရကျောင်းသူများကိုကျောင်းပြင်ပပညာရေးနည်းလမ်းဖြင့် သင်ကြား ပေးနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ဆောင်ရွက်ပေးထားသည်များရှိကြောင်း၊ ကျောင်းနေအရွယ် ကလေးများကျောင်းတွင် မဖြစ်မနေပညာသင်ကြားကြရခြင်းမှာ ၎င်းတို့၏ အနာဂတ်ခရီးလမ်းကို ကောင်းမွန်စွာဖြတ်သန်းနိုင်ကြရန်ဖြစ်သကဲ့သို့ နိုင်ငံ့တာဝန်များကိုလည်း အသိပညာ အတတ်ပညာများဖြင့် ကျေပွန်စွာထမ်းဆောင်နိုင်ကြရန် ဖြစ်ကြောင်း၊ ကျောင်းသင် ပညာရပ်များသာမက ဖတ်ရှုခြင်းမှရရှိလာသည့် ဗဟုသုတအသိတရားများနှင့်ပါ ပြည့်စုံသည့်လူသား အရင်းအမြစ်ကောင်းများကို စာပေဖတ်ရှုသည့်အလေ့အကျင့်များဖြင့် ပြုစုပျိုးထောင်ကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စာပေဟောပြောပေး ကြသော စာရေးဆရာမနုနှင်းသစ်နှင့် စာရေးဆရာ အန်ကယ်ပညာတို့အား ဂုဏ်ပြုဆုချီးမြှင့်ပြီး ကျပန်းစကားပြော ပြိုင်ပွဲ(အထက်တန်း)အဆင့်တွင် ဆုရရှိသောကျောင်းသား/ကျောင်းသူ (၅)ဦးအား ဆုချီးမြှင့်သည်။ ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်တော်တရားကျောင်းသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက စာစီစာကုံး (အထက်တန်း) အဆင့်တွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူငါးဦးအား ဆုချီးမြှင့်သည်။ ထို့နောက် တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းမင်းလတ်က စာဖတ်စွမ်းရည် (အလယ် တန်း) အဆင့်တွင် ဆုရရှိသောကျောင်းသား/ကျောင်းသူငါးဦးအား လည်းကောင်း၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးဦးမောင်ကြီးက စာစီစာကုံး(အလယ်တန်း) အဆင့်တွင် ဆုရရှိသော ကျောင်း သား/ကျောင်းသူ(၅)ဦးအားလည်းကောင်း၊ တိုင်းဒေသကြီး သယံ ဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က ပုံပြင်ပြောပြိုင်ပွဲ(မူလတန်း)အဆင့်တွင် ဆုရရှိသောကျောင်းသား/ကျောင်းသူများအား လည်းကောင်း ဆုများပေးအပ်ချီးမြှင့် သည်။
ယင်းနောက်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်၊တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်ဇော်လှိုင်၊တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြသည်။
ထို့နောက် တိုင်းဒေသကြီး အမျိုး သမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်နန်းစောဥမ္မာဝင်း၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့က အထက (၃) ကျောင်းစာကြည့်တိုက်အတွက် စာအုပ် စာစောင်များနှင့် ဆရာမိုးဒီ ပညာရွှေပြည်ကုမ္ပဏီလီမိတက်CEO(Co-Founder) ဆရာမ ဒေါ်မာလာဝင်းက ကျောင်းစာကြည့်တိုက်အတွက်ငွေ (၁၀) သိန်း တို့ကိုပေးအပ်လှူဒါန်းရာ ကျောင်းအုပ် ဆရာကြီးက လက်ခံရယူသည်။
ဆက်လက်ပြီး ဆရာမဒေါ်မာလာဝင်း က တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာကိုယ်အားကိုယ်ကိုး စာကြည့် တိုက်ငွေပဒေသာပင်အတွက် လှူဒါန်းငွေကျပ် (၁၀) သိန်း၊ ထားဝယ်ခရိုင်ရုံးစာကြည့်တိုက် ငွေပဒေသာပင်အတွက် အလှူငွေကျပ်(၁၀)သိန်းတို့ကို ပေးအပ် လှူဒါန်းရာ တာဝန်ရှိကျောင်းသူ များက လက်ခံရယူသည်။ ထို့နောက် ကျောင်းသား/ကျောင်းသူလေးများက “ဘက်စုံပညာဂုဏ်ရည် တို့လှမ်းချီ” သီချင်းတီးခတ်ဖြင့် သီဆို၍အခမ်းအနား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)