ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပန်းတနော် ဩဂုတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ အနောက်ပိုင်းရပ်ကွက် မြို့နယ်အားကစားကွင်းတွင် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဘောလုံးအားကစားကွင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့ဝင်များမှ ဧည့်ခံတီးမှုတ်ဖျော်ခြင်းနှင့် fitness dance နှင့် ကာယလေ့ကျင့်ခန်း သရုပ်ပြအဖွဲ့များက ဧည့်ခံဖျော်ဖြေခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းက  ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားအနေဖြင့် စည်းကမ်းရှိရှိ စနစ်တကျ ယှဉ်ပြိုင်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်ကို ကျန်စစ်သားဘောလုံးအသင်းနှင့် ဘုရင့်နောင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ‌ဒုတိယမြို့နယ်ပညာ‌ရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းကောင်စီဝင်များ၊ မိဘဆရာ အသင်းတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ ကျောင်းသူများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)