ဘားအံ ဩဂုတ် ၆
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် လောင်းကစားမှု၊ လိမ်လည်မှုနှင့် အင်တာနက်အွန်လိုင်း အသုံးပြု၍ ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ သတိပြုဆင်ခြင်နိုင်စေရန် ရည်ရွယ်၍ ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၅ ရက် နံနက်က ဘားအံတက္ကသိုလ်၊ ငုရွှေဝါခန်းမတွင် ကျင်းပသည်။
ဦးစွာ ပါမောက္ခချုပ်ဒေါ်စိုးစိုးအေးက အမှာစကားပြောကြားခဲ့ပြီး ဘားအံတက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ(ဌာနမှူး)ဒေါက်တာဘေဘီဝင်းက ဆက်သွယ်ရေးကွန်ရက်ကို အသုံးချကာ နည်းလမ်းမျိုးစုံဖြင့် သွေးဆောင်မှု၊ လိမ်လည်မှု၊ ခိုးယူမှုဖြစ်စဉ်များ ၊ ဥပဒေပြဌာန်းချက်များနှင့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောသည်။ ယင်းနောက် အခမ်းအနားသို့တက်ရောက်သည့်ဧည့်ပရိသတ် စုစုပေါင်း ၆၅၉ဦးတို့ကို ပညာရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ပေးပို့လာသည့် “ဆက်သွယ်ရေးလိမ် လည်မှုတိုက်ဖျက်ရေး” သဘောတရားများကို အများပြည်သူသို့ မိတ်ဆက်ပေးနိုင်မည့် လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာနမှ ပေးပို့လာသည့် ဗီဒီယိုကလစ်နှစ်ခုကို ပြသခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)