စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားစေတီပုထိုးများနှင့် သာသနိက အဆောက်အဦများ ပြန်လည်မွန်းမံတည်ထားနေမှုများနှင့် ဝန်ထမ်းအိမ်ရာများ တည်ဆောက်ပြီးစီးမှုများအား လိုက်လံကြည့်ရှု

မုံရွာ ဩဂုတ် ၅

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီးသို့ရောက်ရှိရာ တည်ဆောက်ရေးတာဝန်ခံမှ ကောင်းမှုတော်စေတီတော်မြတ်ကြီး အာရုံခံတစ်ဆောင်းများနှင့် သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်မွန်းမံဆောင်ရွက်နေမှု လုပ်ငန်းအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကောင်းမှုတော်စေတီတော်မြတ်ကြီး အာရုံခံတဆောင်းများနှင့် သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်မွန်းမံဆောင် ရွက်နေမှု လုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ စေတီတော်ကြီး ပြုပြင်မွန်းမံနေမှုများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် သာသနီကအဆောက်အဦများအား ပြန်လည်ရှင်းလင်းဖယ်ရှားနေမှုများ အား လိုက်လံကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီးရှိ မေတ္တာရေကန် ပြန်လည်ပြုပြင်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးသို့ ရောက်ရှိရာ တည်ဆောက်ရေးတာဝန်ခံမှ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး အာရုံခံတဆောင်းများနှင့် သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်မွန်းမံဆောင်ရွက်နေမှု လုပ်ငန်းအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး အာရုံခံတစ်ဆောင်းများနှင့် သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်မွန်းမံဆောင် ရွက်နေမှုလုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ စေတီတော်ကြီး ပြုပြင်မွန်းမံနေမှုများနှင့် ပုညရှင်သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး တပ်မတော်သားများမှ ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် သာသနီကအဆောက်အဦများအား ပြန်လည်ရှင်းလင်းဖယ်ရှားနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းမြို့ပေါ်ရှိ “မဟာစေတီလှ” စေတီတော်မြတ်ကြီး အသစ်ပြန်လည်တည်ထားနေမှုနှင့် “မရှိခဏ” စေတီတော်မြတ်ကြီးများ ပြန်လည်ပြုပြင်မွန်းမံတည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး “မရှိခဏ” စေတီတော်မြတ်ကြီးရှိ  ရေဂါလံ ၆၀၀၀၀ ဆံ့  RC ရေကန် ပြန်လည်တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုခဲ့ကြသည်။     

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ဧရာတီမြစ်ကမ်းတစ်လျှောက်အား သန့်ရှင်းသပ်ရပ်စေရေးတို့အတွက် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ မြို့နေပြည်သူများနှင့် လူမှုရေး အသင်းအဖွဲ့ဝင်များစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက် လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။                                   

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်ရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာ ၄ ခန်းတွဲ ၄ ထပ်နှင့် ၆ ခန်းတွဲ ၂ ထပ် အဆောက်အဦများ ပြန်လည်ပြင်ဆင်နေမှုများနှင့် တည်ဆောက်ပြီးစီးမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဝန်ထမ်း များနှင့်မိသားစုဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ခရိုင်စားသုံးသူရေးဦးစီးဌာန၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦး စီးဌာန၊ ခရိုင်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးဌာန၊ ခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအဆောက်အဦများနှင့် ဝန်ထမ်းအိမ်ရာများ ပြန်လည်တည်ဆောက်ပြီးစီးမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)